Pages


 

Saturday, August 31, 2013

မော်ကျွန်း က ပေးစာ

0 comments
ကျနော်တို့ မော်ကျွန်း က သတင်းတစ်ပုဒ် အမှန်ပေးချင် ပါတယ်။ ဒီသတင်းကို ခင်ဗျာတို့ တင်းပေးပါက ကျနော်ကို ယခု(acc) လိပ်စာ အတိုင်း တင်ပေးကြောင်း gmail ပြန်ပို့ပေးပါ။ ဒါမှ ကျနော် သတင်းအမှန် တင်ပေးကြောင်း သိရမှာပါ။ ဖြစ်စဉ်က ယနေ့ (၂၇.၁၀.၂၀၁၁)ေ န့မှာ ထော်လာဂျီနဲ့ ဆိုက္ကား ကျော်တက်မှု အကြောင်းလေးပါ ခင်ဗျာ။ ထော်လာဂျီက ဆိုက္ကားယာဉ် အမှတ်(၈၅၈)ကို ကျော်တက်ပြီ မောင်းနှင် သွားစဉ်မှာ ဆိုက္ကားက လမ်းဘေးချ အပေးမှာ ဂျိုင့်ခွက်ထဲ ကျပြီး သူဘာသူ တိမ်းမှောက် သွားပါတယ်၊ ထော်လာဂျီ မောင်းနှင်းသူက သူနဲ့ မတိုက်မိသော်လဲ တာဝန် သိတဲ့ အနေနဲ့ တိမ်းမှောက် သွားတဲ့ ဆိုက္ကားယာဉ် အမှတ်(၈၅၈)ကို လိုအပ်တာ ပြုပြင် ဆောင်ရွက် ပေးခဲ့ ပါတယ်။ နောက် ထော်လာဂျီ မောင်နှင် သူက ရှုပ်ထွေးမှု ဖြစ်လာမှာ ဆိုးတဲ့ အတွက် ဖြစ်တဲ့ အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ထံမှာ ယာဉ်မောင်း နှစ်ဦး အဆင်ပြေ ချောမွေ့ကြောင်း လက်မှတ် ရေးထိုးပြီး ယူထားပါတယ်၊ ဒါပေမဲ့ တာဝန်ကျ ဒုရဲအုပ် ဦးလှဌေးက ယာဉ်မောင်း နှစ်ဦးစလုံးကို ခေါ်ယူပြီး ညဘက် အချိန်ကုန် အထိ ငွေကြေး ရယူလိုမှုနဲ့ ထားခဲ့ပါတယ်-ယဉ်မောင်း နှစ်ဦး စလုံး ငွေကြေး
မပေးနိုင်တာ သိမှ ည(၈း၀၀)မှာ ပြန်ခိုင်း ခဲ့ပါတယ်။ ယာဉ်မောင်း နှစ်ဦး စလုံးမှာ တစ်နေ့လုံး မိသားစု စားဝတ်နေရေး အလုပ်အကိုင် ပျက်ခဲ့ရကြောင်း ကျနော်တို့ (မ.ထ.သ) ကော်မတီ ၀င်တွေကို ပြောကြားခဲ့တဲ့ အတွက် သိရှိခဲ့ရကြောင်း သတင်း ပေးလိုက်ပါတယ်။

No comments: